ကျွန်တော်တို့ ရဲ့ အိမ်စုတ်လေးပါ…
ရှိုက်ငိုသံတွေ ကာရံထားတယ်
စိတ်ထွက်ပေါက်တွေ မဲ့နေတယ်…..
အဖြစ်မိုးထားတဲ့……
ရိသဲ့သဲ့ ဖက်ရွက်တွေကြားက
မိုးရွာရင်တောင် …..
သွေးစက်တွေဘဲယိုကျတယ်…။
Free Burma/Myanmar
>ကျွန်တော်တို့ ရဲ့ အိမ်စုတ်လေးပါ…
ရှိုက်ငိုသံတွေ ကာရံထားတယ်
စိတ်ထွက်ပေါက်တွေ မဲ့နေတယ်…..
အဖြစ်မိုးထားတဲ့……
ရိသဲ့သဲ့ ဖက်ရွက်တွေကြားက
မိုးရွာရင်တောင် …..
သွေးစက်တွေဘဲယိုကျတယ်…။
ရွက်ကြွေတွေကြားထဲမှာ
မျက်ရည်တွေပွားနေခဲ့
အခါလွန်မိုးကို မျှော်ရင်း
မျှော်လင့်ခြင်းလွင်ပြင်တို့လဲ
အက်ကွဲကြောင်းတို့နဲ့ ပြည့်နှက်ခဲ့ရပြီ။
ရာသီတို့ဟောင်းနွမ်း
မပြောင်းနိုင်တဲ့ ကြေကွဲစရာဇာတ်လဲ
တခန်းရပ်ဖို့ကောင်းခဲ့နေပါပြီ။
Continue reading this post…
တိုက်စစ်အရှိန်မြင့်ခြင်း
လက်ရှိ မြန်မာနိုင်ငံ အနေအထားအရ ဆန္ဒပြ တောင်းခံခြင်းဟာ အသုံးမဝင်တော့တာကို တွေ့ ရမှာ ဖြစ်ပါတယ်။ စစ်အုပ်စုထံက အာဏာကို လက်ဖြန့် တောင်းနေတာဟာ တောထဲက ကျားကို အသားမစားဖို့ ကြိုးစားနေတာနဲ့ တူပါတယ်။ တစ်နေ့လာ လူစု ဆန္ဒပြ၊ သပိတ်စခန်း (သို့) အိမ် ပြန်ဆိုတဲ့ ဘောင်ဟာ လက်ရှိ စစ်အုပ်စုအတွက် မသင့်တော်ပါဘူး။ စစ်အုပ်စုဟာ ပထမဆုံး လူထုအုံကြွမှုကို အချိန်တစ်ခုအထိ စောင့်ကြည့်ကာ ချေမှုန်းလေ့ရှိတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် လူထု ခေါင်းဆောင်တွေနဲ့ လူထုဟာ စစ်အုပ်စုထံက အာဏာကို လူထုနည်းနဲ့ လွှဲပြောင်း ရယူဖို့ပါ ပြင်ဆင်ထားဖို့ လိုပါတယ်။ အာဏာ သိမ်းယူရေးအတွက် ပထမဆုံး တပ်ဦးပုံစံ လူထု တိုက်ပွဲမှ တဆင့် အထွေထွေ သပိတ်လမ်းကြောင်းကို ဖော်ထုတ်ဖို့ လိုပါတယ်။ ပြီးမှသာ လူထုဦးဆောင်တဲ့ ကြားဖြတ် (သို့) ယာယီအစိုးရကို တည်ထောင်ရပါမယ်။
မနေ့က ဆန္ဒခံယူပွဲလုပ်မယ် ဆိုတဲ့သတင်းကိုဖတ်ပြီး ဒီကောင်တွေကို ကျောင်းမှန်း ကန်မှန်းသိအောင် တခုခုတော့လုပ်ဖို့တော့ လိုပြီလို့ တွေးလိုက်မိတယ်။ လိုအပ်ရင်လဲ ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့ စစ်တပ်ကို ဂုဏ်သရေညှိုးမှိန်အောင် လုပ်နေတဲ့ ငို့ဘသမားတချို့ကို ပြန်တိုက်ဖို့ ဘာတွေလုပ်မလဲ စဉ်းစား အကွက်ချရတော့မယ်။ ကမ္ဘာမှာ ဗမာတို့ သခင်မျိုးဟေ့ ဒို့ဗမာတို့ ဆိုတာတွေကို autosuggestion လုပ်သလို မျိုးသက်သက်အော်တဲ့ အဆင့်ကနေ ကျော်ပြီးတော့ အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုလာပြီ။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ တိုင်းပြည်ကို ဖွတ်သထက် ညစ်အောင်လုပ်နေတဲ့ အချိန်ဖြုန်းနေတဲ့ လူယုတ်မာ လူတစ်စုလက်က ကျနော်တို့အားလုံး လွတ်မြောက် အောင်လုပ်ဖို့ နည်းရှာကြဖို့လိုပြီ။ လက်တွေ့ကျကျဘဲ စဉ်းစားကြရအောင်ဗျာ။
Continue reading this post…
ဝဖိုင့်ဖိုင့် အဆီပြန်သောမျက်နှာနှင့် ဆံပင်ကို ဆီမပြတ်လိမ်းထားတတ်သည်။ မည်းသောမျက်နှာတွင် အချိုင့်အခွက်တွေနှင့်။ လက်ကောက်ဝတ်မှာ ဆင်ထားသော ရွှေဟမ်းချိန်းကြီး၊ ရွှေလက်စွပ် ပြူးတူးပြဲတဲကြီးနှင့် အုန်းဆံကြိုး ရွှေဆွဲကြိုးကြီး တပြောင်ပြောင်နှင့်။ ရွှေဟမ်းချိန်းကြီးကို မြင်သာအောင် အင်္ကျီလက်ရှည်ကို အမြဲခေါက်ဝတ်၏။ ရွှေဆွဲကြိုးကို မြင်အောင် ရင်ဘတ်ကြယ်သီးကို အမြဲဖြုတ်ထားသည်။ ခြုံကြည့်လိုက်ပါ။ အပြင်မှာ မြင်သူရော၊ ယခု စာဖတ်သူကပါ ကားပွဲစားလား၊ ကန်ထရိုက်လားဟု ထင်ကြပေမည်။
မဟုတ်ပြီ။ အနှီ အဆီပြန်ပွဲစားရုပ်နှင့် ချီးထုပ်ဟုသမုတ်ခြင်းခံရသူကား ကျွန်ုပ်တို့၏ ဇာတ်လိုက်ရှော်ကြီး “မြတ်ခိုင်”တည်း။ သို့သော်လည်တဲ့ ပေါ့လေ၊ ညပ်ခိုင် ဆိုလို့ ဂျကားအပီဘူး..အဲလေ စကားမပီဘူး မထင်ကြပါနဲ့။ အချောင် ကြားညပ်ထဲကနေ နေရာယူသွားပြီး စားပေါက် ခိုင်သွားသောကြောင့် “ညပ်ခိုင်”ဟု အမည်သညာပေးလိုက်သည်။

Dear brothers and sisters. 2008 is going to the year we get our freedom in
Continue reading this post…
ဘဝများစွာ စုတ်ပြတ်သတ်ပြီး
ငိုညည်းသံတွေ ပန်းလိုပွင့်ဖူးနေတယ်….
ပြည်သူတွေရဲ့ ရှိုက်သံတွေကြားမှာ
“နအဖ ဒိဌိ” ပျော်မြူးစွာ မွေးဖွားလာတယ်….
မြန်မာ့အလံ
အနီခံနဲ့ ….
ကြယ်ဖြူ ဆယ့်လေးပွင့် ၀ိုင်းရံထားတယ်…။
……….
……….
Continue reading this post…
သန်းရွှေဗိုလ်ချုပ်၊ အာဏာရူးလုပ်လို့ 
ငါတို့လူမျိုး၊ နိမ့်ကျနေတာ
နိုင်ငံတကာ။
Continue reading this post…